ဆာ​လံ 21:6-10 Common Language Bible (BCL)

6. ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​သည် သူ​၏​အ​ပေါ်​သို့​အ​စဉ်​သက်​ရောက်​လျက် ရှိ​ပါ​၏။သူ​၏​အ​နီး​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​သည် ဖြစ်​၍ သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။

7. မင်း​ကြီး​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေ​တ္တာ​ကြောင့် သူ​သည် ဘေး​မဲ့​လုံ​ခြုံ​တော်​မူ​ပါ​လိမ့်​မည်။

8. မင်း​ကြီး​သည်​မိ​မိ​၏​ရန်​သူ​အ​ပေါင်း​ကို ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​အား​မုန်း​သော​သူ​အ​ပေါင်း​တို့​ကို လက်​ရ​ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။

9. ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါအ​လျှံ​ထ​လျက်​နေ​သော​မီး​သ​ဖွယ် သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။သူ​တို့​သည်​မီး​တွင်​ကျွမ်း​လောင်​ကုန်​လိမ့်​မည်။

10. မင်း​ကြီး​သည်​သူ​တို့​၏​သား​သ​မီး​အ​ပေါင်း ကို သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။သူ​တို့​၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​ကို သုတ်​သင်​တော်​မူ​လိမ့်​မည်။

ဆာ​လံ 21