1. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
2. ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။
3. ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။