ကမ္ဘာ​ဦး 48:5-15-16 Common Language Bible (BCL)

10. ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-

11. ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​ကို နောက်​တစ်​ဖန်​မြင်​ရ​ဦး​မည်​ဟု​မ​မျှော်​လင့် ခဲ့။ ဘု​ရား​သ​ခင်​သည်​ယ​ခု​ငါ့​အား​သင်​၏ သား​တို့​ကို​ပင်​မြင်​ခွင့်​ပေး​တော်​မူ​ပြီ'' ဟု ဆို​လေ​၏။-

12. ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။

13. ထို​နောက်​ဧ​ဖ​ရိမ်​ကို​ယာ​ကုပ်​၏​အ​နီး​လက်ဝဲ ဘက်​၌​လည်း​ကောင်း၊ မ​နာ​ရှေ​ကို​လက်​ယာ ဘက်​၌​လည်း​ကောင်း​ရပ်​စေ​၏။-

14. သို့​ရာ​တွင်​ယာ​ကုပ်​သည်​မိ​မိ​လက်​ကို​ယှက် ၍​သား​ငယ်​ဖြစ်​သူ ဧ​ဖ​ရိမ်​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ယာ​လက်​ကို​လည်း​ကောင်း၊ သား​ကြီး ဖြစ်​သူ​မ​နာ​ရှေ​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် ဝဲ​လက်​ကို​လည်း​ကောင်း​တင်​၍၊

ကမ္ဘာ​ဦး 48