ကမ္ဘာ​ဦး 48:1-5 Common Language Bible (BCL)

1. တစ်​နေ့​သော​အ​ခါ​ယော​သပ်​သည်​ယာ​ကုပ် မ​ကျန်း​မ​မာ​သည့်​သ​တင်း​ကို​ကြား​သိ​ရ သ​ဖြင့် သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ နှင့်​ဧ​ဖ​ရိမ်​တို့​ကို​ခေါ်​၍​ယာ​ကုပ်​ထံ​သို့​သွား လေ​၏။-

2. ယာ​ကုပ်​သည်​သား​ယော​သပ်​လာ​ကြောင်း​ကို ကြား​သိ​ရ​လျှင် အား​တက်​လျက်​အိပ်​ရာ​ပေါ် တွင်​ထိုင်​လေ​၏။-

3. ယာ​ကုပ်​က​ယော​သပ်​အား``အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည်​ခါ​နာန်​ပြည်၊ လု​ဇ​မြို့ ၌​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ကောင်းချီး​ပေး​၍၊-

4. `သင်​၏​အ​ဆက်​အ​နွယ်​တို့​မှ​လူ​မျိုး​များ​စွာ ပေါ်​ထွန်း​စေ​ခြင်း​ငှာ သင့်​အား​သား​သမီး​များ စွာ​ထွန်း​ကား​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ဤ​ပြည်​ကို​အ​မြဲ​အ​ပိုင်​ရ​စေ​မည်'' ဟု​ဆို​လေ​၏။

5. ထို​နောက်​ဆက်​လက်​၍``ငါ​အီ​ဂျစ်​ပြည်​သို့​မ ရောက်​မီ​မွေး​ဖွား​သော​သင်​၏​သား​နှစ်​ယောက် တို့​သည်​ငါ​နှင့်​ဆိုင်​၏။ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ တို့​သည်​ရု​ဗင်​နှင့်​ရှိ​မောင်​တို့​ကဲ့​သို့​ငါ့​သား များ​ဖြစ်​ကြ​သည်။-

15-16. ယော​သပ်​အား​ကောင်း​ချီး​ပေး​လေ​သည်။``ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့်​အ​ဖ​ဣ​ဇာက်​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ငါ့​ကို​ယ​နေ့​တိုင်​အောင်​စောင့်​ရှောက်​တော်​မူ​သောဘု​ရား​သ​ခင်၊​ငါ့​ကို​ဘေး​အန္တရာယ်​အပေါင်း​တို့​မှကယ်​တင်​တော်​မူ​သော​ကောင်း​ကင်​တ​မန်​သည်ဤ​သူ​ငယ်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ စေ​သော။ငါ​၏​နာ​မည်၊ငါ​၏​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဖ​ဣ​ဇာက်​တို့​၏​နာ​မည်​သည်သူ​တို့​အား​ဖြင့်​တည်​မြဲ​နိုင်​ပါ​စေ​သော။သူ​တို့​၏​အ​ဆက်​အ​နွယ်​သည်​တိုး​ပွား များ​ပြား​ကြ​ပါ​စေ​သော။''

ကမ္ဘာ​ဦး 48