28. ယာကုပ်သည်ဂေါရှင်အရပ်၌မိမိနှင့်တွေ့ ဆုံရန်ယုဒကိုကြိုတင်စေလွှတ်၍ ယောသပ် အားပြောစေ၏။ သူတို့သည်ဂေါရှင်အရပ် သို့ရောက်ရှိကြ၏။-
29. ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
30. ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။