1. ယောသပ်သည်မိမိ၏စိတ်ခံစားချက်ကိုမချုပ် တီးနိုင်သဖြင့် သူ၏အမှုထမ်းတို့အားလုံးကို အခန်းတွင်းမှထွက်သွားရန်အမိန့်ပေးသည်။ ထို့ ကြောင့်ယောသပ်သည်သူ၏ညီအစ်ကိုတို့အား မိမိ၏ဇာတိကိုထုတ်ဖော်ပြောသည့်အခါ၌ အခြားမည်သူတစ်ယောက်မျှသူနှင့်အတူ မရှိချေ။-
2. သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။-
3. ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်ယောသပ်ဖြစ်ပါသည်။ ကျွန်ုပ်၏အဖ အသက်ရှင်လျက်ရှိသေးသလော'' ဟုမေး လေ၏။ သို့ရာတွင်သူ၏ညီအစ်ကိုတို့သည် စိုးရိမ်ကြောက်လန့်ကြသဖြင့်ပြန်၍ပင် မဖြေနိုင်ကြချေ။-