ကမ္ဘာ​ဦး 4:24-26 Common Language Bible (BCL)

24. ကာ​ဣ​န​ကို​သတ်​သူ​သည်​ခု​နစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​မည်​ဆို​လျှင်​ငါ့​ကို​သတ်​သူ​ကား၊ခု​နစ်​ဆယ်​ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟု​ဆို​လေ​၏။

25. အာ​ဒံ​နှင့်​ဧ​ဝ​တို့​တွင်​သား​တစ်​ယောက်​ထပ်​၍ ဖွား မြင်​လေ​၏။ ဧ​ဝ​က``ကာ​ဣ​န​သတ်​ခဲ့​သော​အာ​ဗေ​လ အ​စား သား​တစ်​ယောက်​ကို​ဘု​ရား​သ​ခင်​က​ပေး တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ရှေ​သ​ဟု နာ​မည်​မှည့်​လေ​၏။-

26. ရှေ​သ​သည်​လည်း​သား​ရ​၍​ထို​သား​ကို​ဧ​နုတ် ဟု​မှည့်​ခေါ်​၏။ ထို​ခေတ်​ကာ​လ​မှ​စ​၍ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​လျက်​ကိုး​ကွယ်​ကြ​လေ​၏။

ကမ္ဘာ​ဦး 4