10. သြနန်ထိုကဲ့သို့ပြုခြင်းကိုထာဝရဘုရား မနှစ်သက်သဖြင့် သူ့ကိုလည်းအသက်တိုစေ တော်မူ၏။-
11. ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
12. ကာလအတန်ကြာလေသော်ယုဒ၏မယား ရှုအာကွယ်လွန်လေ၏။ ယုဒသည်မယားအတွက် ငိုကြွေးမြည်တမ်းရာနေ့ရက်ပြီးဆုံးသောအခါ မိမိမိတ်ဆွေအဒုလံအမျိုးသားဟိရနှင့် အတူမိမိ၏သိုးများကိုအမွေးညှပ်ရန် တိမနတ်မြို့သို့သွားလေ၏။-
13. တစ်စုံတစ်ယောက်ကတာမာအား``သင်၏ယောက္ခမ သည်တိမနတ်မြို့သို့သိုးမွေးညှပ်ရန်သွားလေ ပြီ'' ဟုသတင်းပေးလေ၏။-
14. ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။