ကမ္ဘာ​ဦး 31:44-49 Common Language Bible (BCL)

44. သင်​နှင့်​ငါ​ပ​ဋိ​ညာဉ်​ပြု​လို​ပါ​သည်။ ထို​ပ​ဋိ ညာဉ်​ပြု​ချက်​ကို​ငါ​တို့​သ​တိ​ရ​စေ​ခြင်း​ငှာ ကျောက်​ပုံ​တည်​ကြ​စို့'' ဟု​ယာ​ကုပ်​အား​ပြော လေ​သည်။

45. ထို့​ကြောင့်​ယာ​ကုပ်​သည်​ကျောက်​တုံး​တစ်​တုံး ကို​ယူ​၍ မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။-

46. ထို​နောက်​သူ​၏​သား​ချင်း​တို့​အား​ကျောက်​တုံး များ​ကို​ထပ်​ဆင့်​၍​ပုံ​စေ​၏။ ထို​နောက်​သူ​တို့ သည်​ကျောက်​ပုံ​နား​တွင်​စား​သောက်​ကြ​လေ​သည်။-

47. လာ​ဗန်​က​ယင်း​ကျောက်​ပုံ​ကို​ယေ​ဂါ​သ​ဟာ ဒု​သ ဟူ​၍​လည်း​ကောင်း၊ ယာ​ကုပ်​က​ဂိ​လဒ် ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။-

48. ထို​နောက်​လာ​ဗန်​က``ယ​နေ့​၌​ဤ​ကျောက်​ပုံ သည်​သင်​နှင့်​ငါ​တို့​နှစ်​ဦး​အ​တွက်​သက်​သေ ဖြစ်​စေ​မည်'' ဟု​ယာ​ကုပ်​အား​ဆို​လေ​၏။ ထို အ​ကြောင်း​ကြောင့်​ဤ​အ​ရပ်​ကို​ဂိ​လဒ်​ဟု ခေါ်​တွင်​စေ​ကြ​၏။-

49. လာ​ဗန်​က​ဆက်​၍``ငါ​တို့​အ​ချင်း​ချင်း​တစ် ယောက်​နှင့်​တစ်​ယောက်​ခွဲ​ခွာ​နေ​ရ​စဉ်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​စောင့်​ရှောက်​တော်​မူ​ပါ စေ​သော'' ဟု​ဆို​လေ​သည်။ ထို​ကြောင့်​ဤ​အ​ရပ် ကို​မိ​ဇ​ပါ​ဟူ​၍​မှည့်​ခေါ်​လေ​သည်။-

ကမ္ဘာ​ဦး 31