ကမ္ဘာ​ဦး 3:9-14 Common Language Bible (BCL)

9. သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။

10. ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။

11. ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။

12. လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။

13. ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။

14. ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။-

ကမ္ဘာ​ဦး 3