ကမ္ဘာ​ဦး 26:23-25 Common Language Bible (BCL)

23. ထို​နောက်​ဣ​ဇာက်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​ရွှေ့​ခဲ့​သည်။-

24. ထို​ည​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ် ထင်​ပြ​၍``ငါ​သည်​သင်​၏​အ​ဖ​အာ​ဗြ​ဟံ​၏ ဘု​ရား​ဖြစ်​၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​၏။ ငါ​၏​ကျွန်​အာ​ဗြ​ဟံ​အား​ထား သော​ကတိ​တော်​ကို​ထောက်​၍​သင့်​ကို​ကောင်း​ချီး ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​များ ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။-

25. ဣ​ဇာက်​သည်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​ပြီး လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ပတ္ထ​နာ ပြု​လေ​၏။ သူ​သည်​ထို​အ​ရပ်​၌​စ​ခန်း​ချ​၍ အ​စေ​ခံ​တို့​က​ရေ​တွင်း​တစ်​တွင်း​တူး​ကြ ပြန်​သည်။

ကမ္ဘာ​ဦး 26