ကမ္ဘာ​ဦး 26:19-22 Common Language Bible (BCL)

19. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​ထို​ချိုင့်​ဝှမ်း​၌​ရေ တွင်း​သစ်​တစ်​တွင်း​တူး​ရာ​ရေ​ထွက်​လေ​၏။-

20. ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။

21. ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​အ​ခြား​ရေ​တွင်း တစ်​တွင်း​ကို​တူး​ကြ​ပြန်​ရာ​အ​ငြင်း​ပွား​ကြ ပြန်​သ​ဖြင့် ထို​ရေ​တွင်း​ကို``ရန်​ငြိုး'' ဟု​နာ​မည် မှည့်​လေ​သည်။-

22. တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။

ကမ္ဘာ​ဦး 26