1. စာရာသည်အသက်တစ်ရာနှစ်ဆယ့်ခုနစ်နှစ်ရှိသော်၊-
2. ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
3. အာဗြဟံသည်အလောင်းရှိရာမှထ၍ဟိတ္တိအမျိုးသားတို့ထံသို့သွားပြီးလျှင်၊-
4. ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။
5-6. သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။
7. ထိုအခါအာဗြဟံသည်သူတို့ရှေ့တွင်ဦးညွှတ်၍၊
8. ``သင်တို့သည်ငါ၏မယားအလောင်းကိုဤအရပ်တွင်မြှုပ်နှံစေလိုလျှင် ဇောဟာ၏သားဧဖရုန်ပိုင်မြေကွက်အစွန်း၌ရှိသော၊-
14-15. ထိုအခါဧဖရုန်က``အရှင်၊ ထိုမြေကွက်သည်ငွေသားလေးရာမျှသာတန်ဖိုးရှိ၏။ ထိုငွေမှာမပြောပလောက်ပါ။ ထိုမြေတွင်အရှင်၏မယားကိုသင်္ဂြိုဟ်ပါလော့'' ဟုဆိုလေ၏။-