4. သို့ရာတွင်အဘိမလက်သည် သူမအနီးသို့ မချဉ်းကပ်သေး။ သူက``ထာဝရဘုရား၊ အကျွန်ုပ် သည်အပြစ်ကင်းပါ၏။ အကျွန်ုပ်နှင့်အကျွန်ုပ်၏ လူမျိုးကိုဖျက်ဆီးမည်လော။-
5. အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
6. အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-