12. ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။-
13. သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
14. ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။