14. ရှာလသည်အသက်သုံးဆယ်ရှိသောအခါ ဟေဗာအမည်ရှိသားကိုရ၏။-
15. ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ် ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး ၏။
16. ဟေဗာသည်အသက်သုံးဆယ့်လေးနှစ်ရှိသော အခါ ဖာလက်အမည်ရှိသောသားကိုရ၏။-
17. ထိုနောက်သူသည်နှစ်ပေါင်းလေးရာသုံးဆယ် ဆက်၍အသက်ရှင်စဉ်သားသမီးများရသေး၏။
18. ဖာလက်သည်အသက်သုံးဆယ်ရှိသောအခါ ရာဂေါအမည်ရှိသားကိုရ၏။-
19. ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာ့ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
20. ရာဂေါသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ စေရောက်အမည်ရှိသားကိုရ၏။-
21. ထိုနောက်သူသည်နှစ်ရာ့ခုနစ်နှစ်ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။
22. စေရောက်သည်အသက်သုံးဆယ်ရှိသောအခါ နာခေါ်အမည်ရှိသားကိုရ၏။-