10. သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
11. သူသည်ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်၊ ဣရမြို့၊ ကာလမြို့ စသောမြို့ကြီးများကိုလည်းကောင်း၊-
12. နိနေဝေမြို့နှင့်ကာလမြို့ကြီးစပ်ကြားရှိ ရေသင်မြို့ကိုလည်းကောင်းတည်လေ၏။
13. မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊-
14. ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
15. ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
16. ခါနာန်သည်ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊-
17. ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊